Labels

Tuesday, January 7, 2014

Adb မှ Pin Or Pattern Lock ဖြည်နည်း

ကျွန်တော်ကလည်း အခုမှ လေ့လာခါစ ဘာမှမတတ်သေးပါဘူးဗျာ...ဒါပေမယ့် ဘော်ဘော်တွေ အတွက် ကလိရအောင်တင်ပေးလိုက်ပါတယ်နော် သူကလည်း အရင်လိုပဲ အရင်တိုင်းပဲ Root & Debugging On ပါခင်ဗျာ....ကဲ လေကြောရှည်ကြတာပေါ့နော်...

အရင်ဆုံး Lock အကြောင်းလေးနည်းနည်းပြောမယ်ဗျာ နော်..
pattern or pin lock လုပ်လိုက်ရင် gesture.key နဲ့ password.key ဆိုတဲ့ file နှစ်ခုက ဖုန်းရဲ့ /data/system ဆိုတဲ့ folder အောက်ကိုရောက်သွားတာပါ
pattern ဆိုရင် gesture.key
pin ဆိုရင် password.key ပေါ့
အနော်တို့ အဲ file တွေကိုဖြုတ်နိုင်ရင် pattern or pin lock တွေကို ဖြုတ်နိုင်ပြီပေါ့
gesture.key နဲ့  password.key ဖိုင်တွေရှိတယ်နေရာကို command လေးတွေ run ပြီးကြည့်ကြည့်ရအောင်
ပြီးရင်ဖြတ်လိုက်မယ်ပေါ့
lock ကျနေတဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါဗျာ
ပြီးရင် cmd ကိုဖွင့်ပြီးအောက်က command တွေကို run လိုက်ပါ
adb shell
su
ls /data/system
(ls=List current directory
/data/system ထဲကဖိုင်တွေကိုဝင်ကြည့်တာပါ)
အဲမှာအနော်တို့ ဖြုတ်မဲ့  gesture.key နဲ့ password.key  ကိုတွေ့ပါလိမ့်
rm /data/system/password.key
rm /data/system/ gesture.key
(rm ဆိုတာက reomve ပါ password.key ဆိုတာက pin lock ကိုဖြုတ်ဖို့အတွက်ပါ   gesture.key  ဆိုတာကတော့ Pattern lock အတွက် )
reboot
(ဖုန်းကို reboot လုပ်လိုက်ပါ ပြန်တတ်လာရင် ပြုတ်သွားပါပြီ)
အနော်က command တွေကိုပါရှင်းပြနေလို့ပါ
Pattern Lock အတွက်ဆိုရင်
adb shell
su
rm /data/system/gesture.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
Pin Lock အတွက်ဆိုရင်
adb shell
su
rm /data/system/password.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
ကဲ အဆင်ပြေကြပါစေနော်...




1 comment: