Labels

Tuesday, January 21, 2014

HUAWEI EMMC လဲနည်း


Huawei C8812 ပြုတ်ကျခြင်း၊ ရေ၀င်ခြင်းမရှိဘဲ အလိုအလျောက် Power သေပြီး Power Supply နှင့်ချိတ်၍ Power ခလုတ်နှိပ်လိုက်လျှင် 40mA တွင် ရပ်နေလျှင် EMMC IC ကြောင့်ဖြစ်သည်။ EMMC လဲရမည်သိလျက်နှင့် မည်သို့လဲရမည်ကို မသိသေးသူများအတွက် ဤ Post အား တင်ပေးလိုက်ပါသည်။

Step-1 ၀ါဂွမ်းကို BGA ကော်ချွတ်ဆေးစွတ်၍ EMMC ကို ထိထိမိမိ ဖုံးအုပ်ထားပါ။ ပြီးလျှင် Circuit အား Zip အိတ်ဖြင့် မိနစ်(၂၀)ခန့် လေလုံအောင်ပိတ်ထားပါ။

Step-2 EMMC ဘေးကပ်လျက်တွင် CPU ရှိသည်။ EMMC ဖြုတ်နေချိန်တွင် CPU ခဲလွတ်သွားနိုင်သည်။ ထို့ကြောင့် ၀ါဂွမ်းကို ရေစွတ်၍ CPU ပေါ်တွင် ဖုံးအုပ်ထားပါ။ (သံပြားနှင့်ဖုံးအုပ်ထားလျှင် စိတ်မချရ၍ ၀ါဂွမ်းကို ရေစွတ်သုံးရခြင်းဖြစ်သည်။)

Step-3 အပူချိန်ကို 370 (လေမှုတ်Gun တစ်လုံးနှင့်တစ်လုံး အပူချိန်မတူပါ၊ ခဲပျော်မှတ်ရောက်သည်အထိ ချိန်ညှိပါ၊) လေကို 5,6 လောက်ထားပါ။

Step-4 EMMC ပတ်ဝန်းကျင်က Componentများ ခဲပျော်၊မပျော် ဇာဂနာနှင့် စမ်းကြည့်ပါ။ ခဲပျော်လျှင် EMMCကို စတင်ခွာလို့ရပါပြီ။ ခွာသောအချိန်တွင် ပုံပါ No.23ဓါးဖြင့် IC နှင့် Circuit ကြားသို့ ထိုးထည့်ပြီး ဖြည်းညှင်းစွာ ကလန့်ပါ။ ကလန့်သောအချိန်တွင် စိတ်ရှည်ရပါမည်။ တစ်နေရာတည်းကို မကလန့်ပါနှင့်။ အထက်၊အောက် မျှ၍ ကလန့်ပေးပါ။

Step-5 EMMC ခွာပြီးလျှင် Circuit ပေါ်ရှိ ငုတ်များပြုတ်နေတတ်သည်။ထိုငုတ်များသည် အလုပ်လုပ်သော ငုတ်များ ဟုတ်၊မဟုတ် မှန်ဘီလူးဖြင့် အကြမ်းဖျင်း စစ်ဆေးနိုင်ပါသည်။ အလုပ်လုပ်သောငုတ်များ မဟုတ်လျှင် EMMC IC အသစ်တစ်လုံး လဲလှယ်ပေးပါ။

အားလုံးအောင်မြင်ကြပါစေ။ ကျေးဇူးတင်ပါသည်။
ကိုမောင်နိုင် blog လေးကပါ။